မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအဝင်ဝ ဆီဆိုင်အနောက်ဘက်မှာ ဧပြီ ၅ ရက် ည ၆ နာရီက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေက သွားရောက် မီးငြှိမ်းသတ်နေကြပါတယ်။
မီးသတ်သမားတွေက မီးသတ်ယာဉ်တွေနဲ့အတူ အပူတပြင်း ဝိုင်းဝန်းငြှိမ်းသတ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရာဘာခြံတခုတည်းပဲ လောင်သေးတယ်၊ ဘေးပတ်ဝန်းကျင်ကိုတော့ မီးက မကူးစက် မလောင်ကျွမ်းအောင် မီးသတ်သမားတွေက မီးငြှိမ်းသတ်နေရတုန်းပါပဲ။ အခုအချိန်က နွေရာသီက ပူပြင်းတယ်။ မီးက ဘယ်က စတင်လောင်ကျွမ်းတာ မသိရသေးဘူး။ လောလောဆယ် မီးက လောင်နေတော့ ဘေးပတ်ဝန်းကျင်က ခြံတွေ လူနေအိမ်တွေပါ မီးကူးစက်မှာကို စိုးရိမ်နေကြပါတယ်။”
ရေးမြို့နယ်မှာ အခုချိန် တောင်ယာတွေ မီးရှို့လေ့ရှိကြပြီး ရာသီဥတု ပူပြင်းတာကြောင့် မီးလောင်ကျွမ်းမှု အန္တရာယ်တွေကို သတိပြုကြဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အခု တောမီးလောင်ကျွမ်းမှုနဲ့ ပက်သက်ပြီး ပျက်စီးဆုံးရှုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ မီးသတ်သမားတွေက ပြောပါတယ်။