Home
မြန်မာသတင်း
မတူပီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၉ ဦး ထက်မနည်းသေဆုံး
DVB
·
April 2, 2022
277566686_133483572589681_2782278438140306613_n

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၉ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CDF-မတူပီကနေ သိရပါတယ်။

မတူပီ-မင်းတပ်ကားလမ်း မတူပီမြို့နဲ့ ၁၀ မိုင်လောက်အကွာမှာ မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကြောင်းထိုးလာတဲ့ မတူပီအခြေစိုက်တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ CDF-မတူပီက ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး အရာရှိတယောက်အပါအဝင် ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မတူပီမြို့နယ် ချန်းပြန်းရွာနားမှာလည်း ဒီကနေ့ မနက် ၁၁နာရီခွဲလောက်မှာ CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ ထပ်မံပြီး တိုက်ပွဲ အပြင်းထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေနားက တောတောင်တွေကို မီးရှို့ဖျက်ဆီးသွားကာ လမ်းတစ်လျှောက်က ပြည်သူတွေရဲ့ ငွေကြေး၊ ပစ္စည်းတွေကို ခိုးယူသလို အိမ်မွေးတိရစ္ဆာန် တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို မတူပီအခြေစိုက်တပ်ရင်းမှာလည်း အင်အားအလုံးအရင်းဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024