Home
မြန်မာသတင်း
ရေးမြစ်ကူးတံတားဂိတ်တွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံ
DVB
·
April 2, 2022
277570803_292775679683870_1396441054560529172_n

ရန်ကုန်-ရေး-ထားဝယ်-မြိတ်  ကားလမ်းပေါ်က စစ်ကောင်စီရဲ့ လုံခြုံရေး စစ်ဆေးရေးဂိတ်ဖြစ်တဲ့  မွန်ပြည်နယ် ရေးမြစ်ကူးတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေက ခရီးသွားယာဉ်တွေ အိမ်စီးကားတွေဆီကနေ ငွေကြေးကောက်ခံနေပါတယ်။

ခရီးသွားပြည်သူ တဦးက “လုံခြုံရေးအရဆိုပြီး ခရီးသွားယာဉ်တွေ အိမ်စီးကားတွေက ငွေပေးလိုက်ရင် စစ်ဆေး မေးမြန်းတာတွေ သိပ်မလုပ်ဘူး။ ဒါကြောင့် ငွေကို အဆင်ပြေသလို ပေးလိုက်ရင် အလွယ်တကူ သွားရတယ်။ တချို့ကား ပေါ်က ခရီးသွားတွေဆိုကားပေါ်က ဆင်းခိုင်းတယ် ပြီးတော့ လူတွေ့ စစ်ဆေးတဲ့ အခြေအနေပါ ဖြစ်လာခဲ့ရတယ်ဆိုတော့ လူမှုရေးအရ ခြိမ်းခြောက်သလို ခံစား ရတယ်”လို့. ပြောပါတယ်။

ကားသမားတဦးက “အခုချိန်က အတာသင်္ကြန်ရက် နီးကပ်လာတာနဲ့အမျှ ခရီးသွားတွေ များတဲ့ ကာလလည်း ဖြစ်တယ်။  ဒါပေမဲ့ အခုလို စစ်ဆေးခံရတာတွေလုံခြုံရေး တင်းကျပ်တာတွေက အစ ရန်ကုန်ရေး ထားဝယ်  မြိတ် ကားလမ်းမပေါ်တွေမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုတွေ ရှိလာတဲ့ခါ  ကားတွေ ပိတ်မိတာတွေနဲ့ဆုံရတာကြောင့်ခရီးသွားတွေမှာ ထင်သလောက် ခရီးတွေမသွားဖြစ်ကြတော့ဘူး”လို့  ပြောပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ဟာဆိုရင်  ရန်ကုန်ရေး -ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမလည်း ဖြစ်သလို တဘက်လမ်းသွယ်မှာဆိုရင်  မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်သို့ အဓိက ဆက်သွယ်သွားလာနေတဲ့ လမ်းကြောင်းလည်းဖြစ်တာကြောင့်လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားတဲ့  စစ်ဆေးရေးဂိတ်တခုလည်း ဖြစ်ပါတယ်။ 

ရေး  မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှာရှိတဲ့  စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို  ဒေသဆိုင်ရာ PDF တွေက မကြာခဏအလစ်ငိုက် တိုက်ခိုက်လေ့ရှိ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024