Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက်ကို ထောင် ၂ နှစ်ထပ်ချ
DVB
·
March 31, 2022
cch

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်လုံခြုံရေး တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ မတ်လ ၃၁ ရက် ဒီကနေ့ ထောင်ဒဏ် ၂ နှစ်ထပ်မံ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ 

ဒုရဲအုပ် ချယ်ရီထက်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်တရားရုံးမှာ ရုံးထုတ်စစ် ဆေးခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် မတ်လအတွင်းက လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာနဲ့ ဆက်သွယ်ခဲ့တာ၊ NUG ရဲ့သတင်း ထုတ်ပြန်ချက်တွေကို ပေးပို့တာ၊  ပြည်ပသတင်းဌာနတွေရဲ့ သတင်း ရုပ်သံဖိုင်တွေ အပြန်အလှန် ပေးပို့တာ စတာတွေပြုလုပ်ခဲ့တယ်လို့  စစ်ကောင်စီက စွပ်စွဲပြီး ဒုရဲအုပ် ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထား ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ချယ်ရီထက်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျယ်ချုပ်သဘောမျိုးနဲ့ စောင့်ကြည့်ထိန်းသိမ်းခြင်းခံရပြီးနောက် "အမှန်တရားကို မပြောရဲရင်ပါးစပ်ပိတ်နေပါ၊ မှားတယ်လို့တော့မပြောပါနဲ့" ဆိုတဲ့ စာသားနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ပုံကိုတွဲပြီး လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့ရာကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခြင်းခံရတာပါ။ 

ဖမ်းဆီးခံရပြီးနောက် ချယ်ရီထက်ကို ရဲဝန်ထမ်းဥပဒေအရ ထောင် ၃ နှစ်ချမှတ်ခဲ့ပြီး ပုဒ်မ - ၅၀၅(က)နဲ့ ထောင်ဒဏ် နောက်ထပ် ၂ နှစ် ချခဲ့တာဖြစ်လို့ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်ကာ ရ မည်းသင်းအကျဉ်းထောင်ဘက်ကို ပို့ဆောင်မယ်လို့ သိရပါတယ်။

Photo Credit- Cherry Htet

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024