မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်စက်မှု ၁ နယ်မြေရဲစခန်းကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က မတ် ၂၅ ရက်နေ့ မနက် ၃ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “သူတို့ကို လက်ပစ်ဗုံးနဲ့ အရင်ထုတာ၊ နောက်မှ ပစ်တာ၊ ဟိုဘက်က ပြန်တောင်မပစ်နိုင်ဘူး” လို့ ပြောပါတယ်။
ကျောက်ဆည်စက်မှု ၁ နယ်မြေရဲစခန်းအနီးကို ဖြတ်သွားတဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် သွေးကြွေးပြန်တောင်းတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က အထိခိုက်အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၂ ဦး ကျဆုံးခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကျောက်ဆည်စက်မှု ၁ နယ်မြေရဲစခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။