ရုရှားတို့သိမ်းပိုက်ထားတဲ့ မာရီယူပိုးလ်မြို့ ရှောပင်းစင်တာဟောင်းတခုမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေတဲ့ မြို့ခံတွေကို ရုရှားတို့က အစားအစာ ဖြန့်ဝေပါတယ်။
လူ ၄ သိန်းကျော် နေထိုင်ခဲ့တဲ့ မာရီယူပိုးလ် ဆိပ်ကမ်းမြို့ကို ရုရှားတို့ အဆက်မပြတ် ဗုံးကြဲချခဲ့တာကြောင့် အဆောက်အအုံတွေ ပြားပြားဝပ် ဖြစ်သွားပါတယ်။
ထွက်မပြေးဘဲ မြို့မှာ ကျန်ခဲ့တဲ့ လူထောင်ပေါင်းများစွာဟာ မြေအောက်ခန်းတွေထဲမှာ အစားအစာမရှိ၊ ရေမရှိ၊ ဆေးဝါးမရှိ၊ လျှပ်စစ်မီးမရှိ နေနေရတာပါ။ အများစုက ထွက်ပြေးနိုင်စွမ်း မရှိတော့ပါဘူး။
ယူကရိန်းသမ္မတဇလန်းစကီးကလည်း မာရီယူပိုးရ်မြို့ဟာ ဘာမှ ကုန်းကောက်စရာမရှိတော့ဘူးလို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းအမျိုးသားရေး ဝါဒီတွေကြောင့် မာရီယူပိုးရ်မြို့မှာ လူသားဆိုင်ရာ ကပ်ဘေးကြုံရတယ်လို့ စွပ်စွဲပြီး ဝါဒဖြန့်ပါတယ်။