ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူလွတ်မြောက်ရေးတောင်းဆိုခဲ့တဲ့ အမျိုးသားတယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)နဲ့ တရားစွဲဆို စွဲချက်တင်လိုက်တယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သံတွဲ ဒေသခံတစ်ဦးက စစ်တပ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးတာနဲ့ပတ်သက်လို့ အခင်းဖြစ်တဲ့နေရာမှာတင် ပြန်လည်လွှတ်ပေးဖို့ သွားရောက်ပြောဆိုခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီး တရားစွဲခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၁ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက အပြန်အလှန် လျှောက်လဲချက်တွေ ပေးခဲ့ကြပြီးတဲ့နောက် အခုလို စွဲချက်တင်လိုက်တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေက ပြောပါတယ်။
အခုလို တရားစွဲဆိုခံခဲ့ရတဲ့ ကိုဟန်မျိုးသူရိန်ဟာ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်လို NGO အဖွဲအစည်းတွေမှာလည်း လူ့အခွင့်ရေးဆိုင်ရာ သင်တန်းတွေကို ပို့ချပေးနေသူ ဖြစ်ပါတယ်။