မြန်မာနိုင်ငံ ပြည်တွင်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးမှာ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု မတ်လ ၂၁ ရက် ဒီနေ့မွန်းလွဲပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။
ဒီနေ့နေ့လယ် ၁ နာရီ ၆ မိနစ် ၁၀ စက္ကန့်လောက်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၃)မိုင်ခန့် ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၇ မိုင်လောက်အကွာ အနက် ကီလိုမီတာ ၅၀ လောက်ကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်ပါတယ်။
အဆိုပါ ငလျင်ကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ အိုးအိမ်အဆောက်အဦတွေ ပျက်စီးတဲ့ သတင်းတော့ မကြားသိရပါဘူး။