ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၃၀ လောက်အကွာ ထီးကပလယ်ရွာအနီးမှာ မတ်လ ၁၉ ရက်က စစ်ကောင်စီတပ်ကို KNLA တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ တပ်သား တယောက် သေဆုံးသွားပါတယ်။
မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း၊ သထုံနဲ့ ဖာပွန်ဒေသတွေမှာလည်း KNLA နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဘက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတယ်လို့လည်း KNLA တပ်ဖွဲ့ထံက မြေပြင်သတင်းရရှိပါတယ်။
ကရင်ပြည်နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကိုဖမ်းဆီးရိုက်နှက်တာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ ပြည်သူမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၈ ရက်နေ့မှာတော့ ကော့ကရိတ်မြို့တောင်ဘက် နှစ်မိုင်လောက်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် KNLA ဘက်က တစ်သား တစ်ဦးကျဆုံးသွားပါတယ်။