ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ ကျူးကျော်စစ်ပွဲကြောင့် စစ်ဘေးရှောင်လာခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ မတ်လ ၁၈ ရက် အထိ အိမ်မပြန်ကြသေးဘဲ ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။
မြဝတီမြို့တောင်ဘက်ရှိ၊ ကံပွင့်မြိုင်ရွာ၊ ကျောက်မိုင်းရွာနဲ့ ပြည်သာယာကျောက် မိုင်းရွာအပါအဝင် ကျေးရွာပေါင်း ၅ ရွာလောက်က ဒေသခံ စစ်ဘေးရှောင် ၂၅၀ လောက်ဟာ အိမ်မပြန်ရဲကြသေးဘဲ ပွင့်လင်းအေးမြို့ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေကြတာပါ။
စစ်ရှောင်တွေဟာ ရက်ကြာလာတာနဲ့ အမျှ စာရေး သောက်ရေး အခက်များစွာကြုံတွေ့လာရတဲ့အတွက် မြဝတီမြို့ စီးပွားရေးနဲ့လုပ်ငန်းရှင်တချို့က အကူညီပေးဖို့ သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ကစတင်တဲ့ စစ်ကောင်စီကျူးကျော်စစ်ပွဲဟာ ယနေ့အထိ မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ၊ ဝေါလေမြို့ဒေသနဲ့ ဆူးကလီးဒေသတွေမှာ တိုက်တွေဆက်ဖြစ်သလို ကော့ကရိတ်မြို့ တောင်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။