Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်က ​နေအိမ် ၂၀ ​ကျော်ကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
March 16, 2022
Yin Mar Bin village fire by SAC 1
Yin Mar Bin village fire by SAC 2
275852794_2955551748000715_4715368201929612330_n
275844519_2955551784667378_9205571081727465229_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ​ပြည်သူ​တွေရဲ့​နေအိမ်​တွေကို စစ်​ကောင်စီတပ်က မတ် ၁၆ ရက် ​မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီး​သွားတာကြောင့် အိမ်ခြေ ၂၀ ကျော် ဆုံးရှုံးသွားတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ မတ် ၁၆ ရက် ဒီနေ့​မနက် ၁၁ နာရီ​ကျော်​လောက်မှာ စတင်မီးရှို့ခဲ့တာဖြစ်ပြီး စုစု​ပေါင်းအိမ်​ခြေ ၂၀ ကျော်နဲ့ နွားစာ​အဖြစ်ထားရှိတဲ့ ​ပြောင်းရိုးစင် ၂ ခုပါ မီး​လောင်ကျွမ်းသွားခဲ့ပြီး နေအိမ် ၂ လုံးကိုလည်း ​မွှေ​နှောက်ရိုက်ဖျက်သွားတယ်လို့ ဆိုပါတယ်။

ဘန့်​ဘွေး​မြောက်ရွာက နေအိမ် ၁၆ လုံး၊ ထန်းဇင်​ကျေးရွာက ၅ လုံးတို့ မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး လက်ပန်ကျေးရွာက ​နေအိမ် ၂ လုံးကို​တော့ ​မွှေ​နှောက်ရိုက်ဖျက်သွားခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒါ့အပြင် လက်ပန်​ကျေးရွာအ​ရှေ့ဘက်မှာ နွား​ကျွေးဖို့ထားရှိတဲ့ ​ပြောင်းရိုးစင် ၂ ခုကိုလည်း စစ်​ကောင်စီတပ်​တွေက မီးရှို့ဖျက်ဆီးလိုက်ကြတယ်လို့ ဆိုပါတယ်။

ဘန့်​​ဘွေးရွာမ​ကျေးရွာအတွင်းမှာ တပ်စွဲ​နေထိုင်တဲ့ စစ်​ကောင်စီတပ်ဖွဲ့က အင်အား ၂၀ လောက် လာ​ရောက်ဖျက်ဆီးမီးရှို့သွားတာလို့ ​ဒေသခံဦးက ​ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ဘန့်​ဘွေးရွာ​မ​ကျေးရွာအတွင်းမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ မင်္ဂလာ​ဆောင်​ပြုလုပ်​နေစဥ်အတွင်း PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်​ကောင်စီတပ်သား ၆ ဦး​သေဆုံးသွား​တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့က​နေ မုံရွာ ယင်းမာပင်လမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်​ကောင်စီတပ်ကို ဖိုလ်ဝင်​တောင်လမ်းခွဲအနီးမှာ PDF အဖွဲ့​တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024