Homeမြန်မာသတင်း
စစ်ကောင်စီလေတပ်က ကြဲချခဲ့သည့် မပေါက်ကွဲသေးသည့်ဗုံး ၁ လုံးကို ကရင်နီတပ်များ တူးဖော် (ဓာတ်ပုံ)
စစ်ကောင်စီလေတပ်က ကြဲချခဲ့သည့် မပေါက်ကွဲသေးသည့်ဗုံး ၁ လုံးကို ကရင်နီတပ်များ တူးဖော် (ဓာတ်ပုံ)
DVB
·
March 15, 2022
စစ်ကောင်စီတပ်တွေ လေယာဉ်နဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာမှာ မပေါက်ကွဲဘဲ မြေကြီးထဲ စိုက်ဝင်နေတဲ့ ဗုံးကြီးတစ်လုံးကို ဒေသခံ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေက မတ်လ ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ တူးဖော် ဖယ်ရှားခဲ့ပါတယ်။
အဆိုပါ ဗုံးဟာ မတ်လ ၈ ရက်က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ပြည်သူလူထုကို ကြဲချခဲ့တဲ့ ဗုံးဖြစ်ပြီး တလုံးပေါက်ကွဲလို့ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကာ တလုံးကတော့ မပေါက်ကွဲဘဲ ကျန်နေခဲ့တာဖြစ်ပါတယ်။