Home
မြန်မာသတင်း
ကသာကို ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘော ၂ စီး ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
March 14, 2022
275847983_3188925441435195_5010562482068482295_n

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ မတ် ၁၄ ရက် မနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်လာတဲ့  စစ်ကောင်စီတပ်ရဲ့  သင်္ဘော ၂ စီးကို  Katha PDF က  ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

မန္တလေးမှ ကသာသို့ စစ်ကောင်စီတပ်အင်အားဖြည့်ဖို့လာတဲ့ ရေယာဉ်သင်္ဘောကို ကသာမြို့နယ်  ပန်းသေးရွာအနီးမှာ Katha PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံတွေထံက သိရပါတယ်။

"မနက်က ပန်းသေးရွာနားမှာ စစ်ကောင်စီ ရေယာဉ်တက်လာတုန်း ကသာ PDF က ပစ်တာ။ သင်္ဘောအထိနာပုံရတယ်။ ညနေပိုင်း ကသာဆိပ်ကမ်းကို စစ်ကောင်စီသင်္ဘောဆိုက်လာပြီး မကြာဘူး လူနာတင်ကားလေးစီးဆိုက်ပြီး ကသာဆေးရုံကို လူနာတင်ပြီး မောင်းသွားတယ် ဘယ်နှစ်ယောက်ထိခိုက်သေဆုံးတယ်ဆိုတာတော့ တိတိကျကျမသိဘူး"လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။

သင်္ဘောအလယ်တည့်တည့်ကို ရှော့တိုက် ဒုံးတစ်လုံး ကျရောက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

ကသာမြို့နယ် ချောင်းဝကျေးရွာအနီးမှာလည်း မတ် ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီရေယာဉ်ကို ပစ်ခတ်ခဲ့တဲ့အတွက် ဗျူဟာမှူးနဲ့  စစ်ဗိုလ်သုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်း ရေထဲခုန်ချ ထွက်ပြေးခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024