Home
မြန်မာသတင်း
အကြီးစားရေကာတာစီမံကိန်းများကို လုံးဝတားမြစ်ပိတ်ရန် KRW တောင်းဆို
DVB
·
March 14, 2022
KSEAN No Dam
KSEAN No Dam 2
KSEAN No Dam 3
KSEAN No Dam 4
KSEAN No Dam 5

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ ဖယ်ဒရယ် ဒီမိုကရေစီလမ်းကြောင်း တည်ဆောက်ရေး မူဝါဒရေးဆွဲရာမှာ ဘဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် အကြီးစားရေကာတာ စီမံကိန်းတွေ တည်ဆောက်တာကို လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ဖို့  ကရင်မြစ်ချောင်းများကွန်ရက်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာလှုပ်ရှားမှုနေ့ဖြစ်တဲ့ မတ်လ ၁၄ ရက်နေ့မှာ ကရင်မြစ်ချောင်းများ ကွန်ယက်က အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး NUCC အနေနဲ့  ဖယ်ဒရယ် ဒီမိုကရေစီလမ်းကြောင်းတည် ဆောက်ရေး မူဝါဒရေးဆွဲရာမှာ ဌာနေတိုင်းရင်းတို့ရဲ့ နေထိုင်မှု အသက်မွေးဝမ်းကြောင်းနဲ့ ကိုက်ညီညီတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေကို အထူးအလေးထား ထည့်သွင်းရေးဆွဲဖို့ ထုတ်ပြန်တောင်းဆိုပါတယ်။

ဒါ့အပြင် မူဝါဒတွေကို အတည်ပြုရေးဆွဲရာမှာ ဒေသခံ လူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အတူတကွပူးပေါင်းပါဝင်ရေးဆွဲဖို့လည်း တောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရNUG အနေနဲ့ သဘာဝ ပတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့စည်းတွေကို အသိအမှတ်ပြုပြီး လုပ်ငန်းတွေ ကောင်းမွန်စွာ အကောင်အထည် ဖောက်လည်ပတ်နိုင်ရေးအတွက် ငွေကြေးအထောက်အပံ့တွေ နည်းပညာစွမ်းရည် မြင့်တင်‌ရေး ကဏ္ဍနဲ့ ဥပဒေ အကြံညာထောက်ပံ့မှုတွေကို  ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ကူညီဖို့လည်း KRW ကရင်မြစ်ချောင်း များကွန်ရက်အဖွဲ့က တောင်းဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအဖွဲ့ကို တရားဝင် အစိုးရတရပ်အနေနဲ့ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာပေးဖို့နဲ့ ပြည်ပရင်းနှီမြုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးပံ့ပိုးမှုဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်း ရပ်ဖို့လည်း  တောင်းဆိုထားပါတယ်။ 

ဒီကနေ့ မတ်လ ၁၄ ရက် ကျရောက်တဲ့  နိုင်ငံတကာ မြစ်ချောင်းများနေ့အထိမ်းအမှတ်အနေနဲ့ ကရင်ပြည်နယ် သံလွင်မြစ်ဘေးမှာရှိတဲ့ အီးတူထကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013