Home
မြန်မာသတင်း
မော်လမြိုင်တွင် ရေသန့်ဈေးနှုန်း တိုးမြှင့်မည်ဟု ကြေညာ
DVB
·
March 13, 2022
274797273_1831470967183830_3134476701471641888_n

မွန်ပြည်နယ် မော်လမြိုင်မှာ ရေသန့်ဈေး တိုးမြှင့်သွားမယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းက မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်သုံးဆီဈေးနှုန်း အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက်ကြောင့် မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းရဲ့ ညှိနှိုင်းသဘောတူညီချက်အရ ရေသန့်ဈေး တိုးမြှင့်ရတာလို့ ဆိုထားပါတယ်။

ဒါကြောင့် မတ်လ ၁၆ ရက်နေ့ကစပြီး ၂၀ လီတာ ရေသန့် ၁ ဘူးကို ကျပ် ၇၀၀ ထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ စစ်တပ် အာဏာမသိမ်းခင်က ၂၀ လီတာ ရေသန့် ၁ ဘူးကို ကျပ် ၅၀၀ နဲ့ ဖြန့်ဖြူးရောင်းချပေးခဲ့တာပါ။

ရေသန့်လုပ်ငန်းရှင်တဦးကတော့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက်ကြောင့် ရေသန့်ဈေး တိုးမြှင့်ရတဲ့အပေါ် ပြည်သူတွေအနေနဲ့ နာလည်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

မွန်ပြည်နယ်မှာတော့ FDA ထောက်ခံချက် ရရှိထားတဲ့ ရေသန့် လုပ်ငန်းပေါင်း ၆၀ ကျော် ရှိပြီး၊ အဲဒီထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ရေသန့်လုပ်ငန်း ၁၀ ခုထက်မနည်း လုပ်ငန်း ရပ်ဆိုင်းထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024