စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အုန်းတောရွာအနောက်ဘက်မှာ မတ်လ ၁၁ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
မုံရွာ-မြင်းမူဘက်နေ စစ်ကိုင်းဘက် မောင်းနှင်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်း တိုက်ခိုက်ခံရတာဖြစ်ပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် ယာဉ်တန်းမှာ စစ်ကားအကြီး ၈ စီး ပါဝင်ပြီး လူအင်အားအပြည့်ပါတဲ့ ၅ စီးမြောက်ယာဉ်ကို ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PAFD ကဆိုပါတယ်။
မိုင်းခွဲခံရတဲ့ကားမှာ စစ်ကောင်စီတပ်က အရာရှိတွေလည်း ပါဝင်ပြီး စစ်ကောင်စီတပ်သားတွေ အထိအခိုက် ရှိနိုင်တယ်လို့ ဆိုပေမဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။