Home
မြန်မာသတင်း
တောင်ဒဂုံတွင် CNG ဖြည့်ရန် တန်းစီနေသည့် ယာဉ်တန်းကို ကွန်တိန်နာဝင်တိုက်၊ ၄ ဦးသေဆုံး
DVB
·
March 11, 2022
275620220_387106773227758_18287071790606795_n
275556421_387106836561085_2663082253250770683_n
275556386_387106853227750_4701515822530743944_n
275507980_387106703227765_1767902212726976760_n

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ မြို့ဦးကျောင်းတိုက်အနီးရှိ CNG ဓာတ်ငွေ့အရောင်းဆိုင်မှာ ဒီနေ့ မတ်လ ၁၁ ရက် မနက်အစောပိုင်းက CNG တန်းစီနေတဲ့ ယာဉ်တန်းကို ကွန်တိန်နာတစီးက ဝင်တိုက်ခဲ့ပြီး လူလေးဦး သေဆုံးသွားပါတယ်။

ကွန်တိန်နားကား မောင်းနှင်သူဟာ အိပ်ငိုက်ပြီး ကားကို အရှိန်မထိန်းနိုင်ဘဲ CNG တန်းစီနေတဲ့ ကားတန်းကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး ဝင်တိုက်တဲ့အရှိန် ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွန်တိန်နာကား ဝင်တိုက်မှုကြောင့် ကားတွေ တစီးနဲ့တစီး ထပ်ကုန်တဲ့အထိ အရှိန်ပြင်းထန်ခဲ့ပြီး ကားကြားထဲညှပ်မိလို့ သွေးထွက်လွန်တာကြောင့် လူလေးယောက် သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်တာတွေကြောင့် CNG ဖြည့်ရာမှာ အခက်အခဲဖြစ်ပြီး ကားသမားတွေဟာ ဓာတ်ငွေ့ဖြည့်ဖို့ ညကတည်းက လာရောက်တန်းစီပြီး စောင့်ဆိုင်းနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024