Home
မြန်မာသတင်း
လှိုင်သာယာ လျှပ်စစ်ရုံးနှင့် မြောက်ဥက္ကလာ Mytel တာဝါတိုင်တို့ ဗုံးခွဲခံရ
DVB
·
March 10, 2022
Hlaing Tha Yar EPC

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုမှတ်တိုင်နားက မြို့နယ်လျှပ်စစ်ရုံး ဒီကနေ့ မတ်လ ၁၀ ရက် မနက် ၅ နာရီ ၂၀ မိနစ်လောက်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Hlaing Thar Yar Region Defence Force အဖွဲ့က ပြုလုပ်တာဖြစ်ပြီး လက်လုပ်ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဇေကမ္ဘာဝင်းအတွင်းက Mytel တာဝါတိုင်ကိုလည်း မတ် ၉ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့ခံတဦးက “ည ၉ နာရီက ဇေကမ္ဘာဝင်းထဲက တာဝါတိုင်မှာ ဗုံးပေါက်တာ။ ဗုံး ၂ လုံးပေါက်တာ။ အသံကျယ်တယ်။ အရှိန်ပြင်းတယ်။ ညဆိုတော့ ထိခိုက်တာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။

မြို့နယ်လျှပ်စစ်ရုံးနဲ့ Mytel တာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024