ပြီးခဲ့တဲ့ မတ် ၈ ရက်နဲ့ ၉ ရက် နှစ်ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်နဲ့အထက် ရှိခဲ့တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်က ဆောကနေ ကျောက်ထုကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်လောက်ကို ဆော PDF နဲ့ မဟာမိတ် တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြတာပါ။
ဒီတိုက်ပွဲအတွင်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြည်သူ့ရဲဘော်တွေ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မကွေးတိုင်း ဆောမြို့နယ်မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ လနဲ့ချီ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီ ယာဥ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေနဲ့ အတူ အခြေအနေတွေ ပိုပြီးတော့ ဆိုးဝါးလာနေခဲ့တာပါ။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားခဲ့တာ ၁ နှစ် ကျော်လာခဲ့ပြီဖြစ် ကာ ဒီကာလအတွင်း စစ်ကောင်စီ တပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၄၀ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။