တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ မတ် ၆ ရက် တနေ့တည်း ကိုဗစ်-၁၉ ကြောင့် လသားကလေးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်နာရေးကူညီမှုအသင်းနဲ့ ကြက်ခြေနီအသင်းက ပြောပါတယ်။
သေဆုံးသူတွေဟာ ထားဝယ်မြို့ပေါ်က အသက် ၆၀ နှစ်အထက် လူကြီး ၃ ဦးနဲ့ ရေဖြူမြို့က ၃ လသားအရွယ်ကလေး ၁ ဦး ဆုံးပါးခဲ့တယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူတွေကို ထားဝယ်နာရေးကူညီမှု အသင်းက တာဝန်ယူပြီး ထားဝယ်ဆေးရုံကြီးကတဆင့် ထားဝယ်မြို့ ဇဟာသုသာန်ကို ပိုဆောင်ပြီး ကိုဗစ်စည်းကမ်းနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစလို့ အခုနှစ် မတ် ၆ ရက်အထိ ထားဝယ်နာရေးကူညီမှု အသင်းကနေ အလောင်း ၅၈၅ လောင်းအထိ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။