Home
မြန်မာသတင်း
တောင်ကြီးတွင် လူငယ် ၄ ဦး ထပ်မံ ဖမ်းဆီးခံရ
DVB
·
March 6, 2022
274364927_3058372037824414_4341385422852115658_n

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ မတ် ၆ ရက်နေ့ နေ့လယ်ပိုင်းက လူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီထဲက ၁ ဦးကို စစ်ကောင်စီက ကားနဲ့ တိုက်ကာ အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့သူ တွေကိုတော့ သူတို့နေထိုင်တဲ့ နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်နညပိုင်းကလည်း တောင်ကြီးမြို့မှာ သတင်းပေးဒလန်ကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လူငယ် ၃ ဦးထက်မနည်း ဖမ်းဆီးခံရပါသေးတယ်။

ဒီနေ့ဖမ်းဆီးမှုဖြစ်စဉ်ဟာ မတ် ၃ ရက် ဖမ်းဆီးမှုရဲ့ အဆက်ဖြစ်နိုင်ပြီး နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုကြပါတယ်။

ဒါ့အပြင် မတ် ၃ ရက်မှာပဲ ရှမ်းပြည်‌တောင်ပိုင်း၊ ရပ်စောက်မြို့က  လူငယ်တစ်ဦးကိုလည်း PDF ကို ထောက်ပံ့တယ်လို့ သတင်းပေးတွေရဲ့ တိုင်တန်းမှုကြောင့် ဖမ်းဆီးခဲ့ပါသေးတယ်။

မတ်လ ပထမတစ်ပတ်ထဲမှာတင် ‌တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်က လူငယ် ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024