Home
မြန်မာသတင်း
ရေးမြို့ရှိ ကျေးရွာများ၌ အခြေခံစားကုန်များ အဆမတန်မြင့်
DVB
·
March 6, 2022
275287125_272365168391588_6798565329168453451_n

မွန်ပြည်နယ်  ရေးမြို့နယ်ရှိ အခြေခံစားသောက်ကုန်တွေ စံချိန်တင်အဆမတန်ထပ်မံ မြင့်တက်လာတာကြောင့် ဝေလံခေါင်ဖျားတဲ့ နယ်ကျေးရွာဘက်တွေ ဒေသခံတွေ မြို့ပေါ်တွေထက် ပိုမိုဈေးကြီးပေးဝယ်ယူနေရတယ်လို့ အခက်အခဲကြုံနေကြရပါတယ်။

မြို့ပေါ်မှာ ရှိတဲ့ အခြေခံစားသောက်ကုန်တွေဟာဆီ ၁ ထုပ်က မြို့ပေါ်မှာဆိုရင် ၃၈၀၀ ကျပ်၊ ဝေးလံခေါင်ဖျားတဲ့ နယ်ကျေးရွာတွေက ကျပ်  ၄၂၀၀ လောက် အထိဖြစ်ပြီး ဆန် ၁ အိတ်ဆိုလည်း ၂၆၀၀၀ လောက်ရှိတဲ့ ဆန်ဟာ ကျေးလက်တွေဘက်က ပုံမှန်ဈေးထက်  ၅ဝဝဝ ကျပ်ဈေး ပိုမြင့်သလို တခြားစားသုံးကုန်တွေလည်း ဈေးကြီးပေး ဝယ်ယူရတယ်လို့  ကျေးလက်နေ အိမ်ရှင်မတဦးက ပြောပါတယ်။

“ကျမတို့ ဒီအချိန်က အလုပ်တွေလည်းမရှိပြန်၊ လူများဆီမှာ နေ့စားက ၁ ရက်ကို ကျပ် ၇၀၀၀ လောက်ရတဲ့နေ့ဆို  အခု ကုန်စျေးနှုန်းနဲ့က လုံလောက်မှုမရှိဘူး။ မိသားစုဝင်တွေ တခါ နေမကောင်းတာနဲ့ ကြုံရရင် ဆေးခန်းပြဖို့တောင် ငွေကမနည်း ရှာကြံရတယ်။” 

ကယ်ရီကားသမားတဦးက “မြို့ပေါ်တွေထက် နယ်အစွန်းဖျားရွာတွေကကားလမ်းနဲ့ သွားရပေမဲ့ စက်သုံးဆီဈေး ၃ ဆလောက် တက်တယ်။ သယ်ယူစရိတ်တွေကအစ တက်လာတော့ ကုန်ပစ္စည်းတွေက ဈေးကြီးမြင့်သွားတယ်။ တခါတလေ ကုန်မရရင် သယ်ယူစရိတ်နဲ့ကို တွက်ခြေမကိုက်ဘူး” လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီတွေ ကုန်စျေးနှုန်း ကြီးမြင့်လာတာကြောင့် မြန်မာတနိုင်ငံလုံးက အခြေခံလူတန်းစားတွေ စားဝတ်နေရေး ပိုမို ခက်ခဲလာနေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024