မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၆ လမ်း နဲ့ ၇၇ လမ်းကြားရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနားမှာ မတ် ၆ ရက် နေ့လယ် ၁၂ ကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အတားဆီးများချထားပြီး ဗုံးပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။
“အဲ့ဒီရုံးရှေ့မှာ ဘယ်ရီဂိတ်တွေ အမြဲချထားတာ။ နောက်ပြီး စစ်သားလုံခြုံရေးလည်း အမြဲရှိတယ်။ တခါတခါ ညနေပိုင်းမှာ စစ်ဆေးတာတွေလုပ်တယ်” လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူတဦး က ပြောပါတယ်။
ဗုံဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မရှိရသေးဘဲ ပေါက်ကွဲမှုဖြစ်ပြီးမကြာခင် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၄ ရက်ကလည်း မဟာအောင်မြေမြို့နယ် ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့်က CCTV ဆာဗာပုံးနဲ့ ကင်းတဲဂိတ်ကို Mandalay Ranger Force၊ Guerilla Force Mahdalay၊ အမရကြယ်စင် PDF ညီနောင် ၃ ဖွဲ့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ ပိတ်ဆို့စစ်ဆေးတာတွေ၊ ကင်းလှည့်တာတွေ နေ့စဉ်လိုလိုု လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။