Home
မြန်မာသတင်း
စစ်ကောင်စီတပ်များဝင်လာသဖြင့် ကနီမြို့နယ် ရွာ ၆ ရွာက ဒေသခံထောင်ချီ ထွက်ပြေးနေရ
DVB
·
March 5, 2022
275277633_1014424819152328_3817215433180227522_n

ကနီမြိုနယ်နယ်တောင်ပိုင်းကို မတ် ၂ ရက်နေ့ကနေစတင်ပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံထောင်နဲ့ချီထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြိုနယ်၊ သပြေအေးရွာကနေတဆင့် ကနီမြို့နယ် မိုးကောင်းကျေးရွာနဲ့ လင်ပုန်းရည်ကျေးရွာတွေကနေ စတင်ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတဦးက “ကျနော်တို့ ချောင်းမအနောက်ရွာကို မတ် ၄ ရက်နေ့မနက်ခင်းက ဝင်လာတာ။ လာလာချင်း လက်နက်မျိုးစုံပစ်ပြီး ဝင်လာတာ။ အစက ဒီကောင်တွေ လင်ပုန်းရည်ကျေးရွာကနေ ဇီးပင်းတွင်းသွားတယ်။ အဲဒီကနေ အောင်မင်္ဂလာကျေးရွာမှာ တရက်တပ်စွဲညအိပ်ပြီး ကျနော်တို့ရွာကို ဝင်လာတယ်။ ရွာသားတွေကတာ့ အကုန်ထွက်ပြေးနေရတယ်။ ကျနော်တို့တရွာတည်း ပြေးရတာမဟုတ်ဘူးဗျ။ ဒီကောင်တွေလာရင် ဘယ်သူကမှ အယုံကြည်မရှိတော့ ချောင်မအရှေ့ရွာ၊ လင်ပုန်းရည်ရွာ၊ သင့်ဝင်ရွာ၊ မင်းမရွာ နဲ့ အောင်မင်္ဂလာ ကျေးရွာတွေ‌က ဒေသခံတွေ အကုန်ထွက်ပြေးနေကြရတယ်။ စုစုပေါင်း ကျနော်တို့ အတောက်ရွာအပါအဝင်နဲ့ဆို ၆ ရွာဗျ” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်တွေနဲ့ မတ် ၄ ရက်နေ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ အနည်းငယ်ရှိခဲ့ပြီး နှစ်ဖက်အကျဆုံး အထိခိုက်မရှိခဲ့ဘူးလို့လည်း ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024