မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၁ ရက် ညနေပိုင်းက နာရေးကားကို အသုံးပြုပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲတယ်လို့ မြိုင်PDFကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ကန်ရေနံမှော်ကနေ နာရေးကားကို အသုံးပြုပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က မိုင်း ၇ လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့တာလို့ မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ စစ်ကောင်စီတပ်တွေဘက်ကတောပြန် ပစ်တယ်။ ကျနော်တို့ PDF ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်”။
ဒါအပြင် မြိုင်မြို့နယ် တောင်ပိုင်း ကိုင်းတောမရွာနဲ့ မြိုင်ကြားမှာရှိတဲ့ စက်မှု ( ၂) ကိုလည်း မြိုင်PDF က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၆ ယောက်လောက် ဒဏ်ရာပြင်းထန်ကာ သေဆုံးသူရှိနိုင်တယ်လို့ ပြောပါတယ်။
“ ကျနော်တို့ PDF တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်ခြေမှုန်းဖို့ လူအင်အားက ပြည်စုံတယ်။ ဒါပေမဲ့ လက်နက်အင်အား မမျှတလို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲဝင်နေကြရတယ်။ ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ မိမိမတို့ တတ်နိုင်တဲ့နေရာကနေ ထောက်ပံပေးကြဖို့လည်း တိုက်တွန်းထားပါတယ်”လို့ မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို အင်အားအလုံးရင်းနဲ့ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ရေနံမှော်တွေကိုပါ မီးရှို့ဖျက်ဆီးသွားလို့ ကျပ်သိန်းပေါင်းများစွာဆုံးရှုံးနစ်နာခဲ့ရပါတယ်။