Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၄ ဦး သေ၊ တင့်ကား ၁ စီး ပျက်စီး
DVB
·
March 2, 2022
274697652_275324454750940_2070330556236937961_n

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စု ကျွန်းတော်ကျေးရွာမှာ စစ်သားအင်အား ၁၀၀ လောက် တပ်ချနေရာယူထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂၄ ယောက် သေဆုံးပြီး တင့်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက် မနေ့ မွန်းလွဲ ၂ နာရီကနေ ၅ နာရီအထိ ၃ နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပြီး စစ်ကောင်စီဘက်က ၂၄ ယောက် သေဆုံးသွားရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်မှာ နယ်မြေစိုးမိုးနိုင်ရေး အင်အားအဆမတန် ဖြည့်တင်းလာနေတဲ့အတွက် စစ်ရှောင်ပြည်သူတွေ ထပ်ဆင့် တိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024