Home
မြန်မာသတင်း
ဗကသ ဗဟိုအမှုဆောင်အဖွဲ့ဝင်နှင့် ကျောင်းသား ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချ
DVB
·
February 28, 2022
BaKaTha Ko Sit Naing and a student court SAC

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ၁ ယောက်နဲ့  ကျောင်းသား ၃ ယောက် စုစုပေါင်း ၄ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ကမာရွတ်မြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်မှာ  ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ် အမိန့်ချခဲ့ပါတယ်။ 

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင်(ခ)ကဗျာဆရာဆစ်နိုင်နဲ့ ကျောင်းသား ၃ ယောက်ဟာ  ၂၀၂၁ ခုနှစ် မတ်လ ၃  ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ဖြိုခွဲခံရချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမိန့်ချခဲ့တာလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားတွေကတော့ ကိုဝေယံဖြိုးမိုး (ဗကသ ဒုဥက္ကဋ္ဌ) ကိုလေပြေစိုးမိုး (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်)နဲ့ ကိုသုတစိုး (ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားဟောင်း) တို့ဖြစ်ကြပါတယ်။ 

ဗကသကျောင်းသားတွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ချခံရထားသူ အများပြားရှိတဲ့အထဲမှာ ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်တို့က  နှစ်ရှည်ထောင်ဒဏ် ၈ နှစ်နဲ့ ၂ လစီ ချမှတ်ခံထားရပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုဝေဖြိုးအောင်(ခ)ဘီအေကို ထောင်ဒဏ် ၆  နှစ်၊ ကိုဘုန်းမြင့်ကျော်၊ ကိုသုတစိုးတို့ကတော့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024