စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါတ်တာမြင့်နိုင်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်တွင်း တရားရုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့စွဲထားတဲ့ အမှု ၇ မှု အတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာလို့ သူနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ပုဒ်မနဲ့လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့ပြီဖြစ်လို့ ဒီကနေ့ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေ အပါဝင်ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ်ထိ အမိန့်ချခံထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း ဒေါက်တာမြင့်နိုင်ကို ပုဒ် ၁၇၁ (စ) နဲ့ တရားစွဲထားလို့ အမှုရင်ဆိုင်နေရပါတယ်။