ကရင်ပြည်နယ် မြဝတီမြို့တွင်းမှာ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုနှုန်း ၃၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာတာကြောင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက်ကစပြီး မြို့တွင်း ခရီးသွားတွေ Mask မတတ်ပါက ငွေ ၅၀၀ ကျပ် ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တွင်း မြို့ပြင် မိုဘိုင်းဂိတ် ၅ နေရာမှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ စည်ပင်အဖွဲ့တွေက ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Mask မတတ်ပါက ဒဏ်ငွေ ၅၀၀ ကျပ်ဆောင်ခိုင်းပြီး Mask ခု ပြန်ပေးကာ ကိုဗစ်-၁၉ အသိပညာပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့တွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်နိုင်ဖို့အတွက် မနက် ၈ နာရီခွဲကနေ ၁၀ နာရီခွဲအထိ ညနေ ၃ နာရီက ၅ နာရီအထိ တစ်ရက်ကို နှစ်ကြိမ် မိုဘိုင်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ စည်ပင်သာယာရေး တာဝန်ရှိသူတဦးက ပြောပါတယ်။