Home
မြန်မာသတင်း
စွပ်စွဲမှုများပြုလုပ်ရန် အမှုကြားနာပွဲကို ဂမ်ဘီယာက အသုံးချနေဟု ICJ တရားရုံးတွင် စစ်ကောင်စီဝန်ကြီး လျှောက်လဲ
DVB
·
February 25, 2022
ichhhuuoopppppuu
ichhhuuoopp
ichhhuuo
ichhhuu
ichhh
ccd
AL666
AL66

ဂမ်ဘီယာနိုင်ငံဟာ  အမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေပြုလုပ်ဖို့  ဒီကြားနာပွဲကို စင်မြင့် ပလက်ဖောင်းသဖွယ် အသုံးချနေတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  စစ်ကောင်စီကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင်က လျှောက်လဲပြောကြားလိုက်ပါတယ်။ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်ဆိုပြီး  ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအပေါ် တစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်ကဆက်လက်ကြားနာရာမှာ  မြန်မာဘက်က ဒုတိယ အကျော့လျှောက်လဲချက်ပေးခဲ့ပါတယ်။

ဒီကနေ့ ကြားနားပွဲမှာ စစ်ကောင်စီငှားထားတဲ့ နိုင်ငံတကာရှေ့နေ ခရစ္စတိုဖာစတေကာ ဦးဆောင်တဲ့ အဖွဲ့က  လျှောက်လဲချက်ပေးခဲ့ စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်က အပိတ်မှာ လျှောက်လဲ သွားတာဖြစ်ပါတယ်။

မြန်မာရဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီမှာထိုင်ပြီး ဘာမှာမတုံ့ပြန်ပဲ အသံတိတ်မနေနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို အသေအချာလိုက်နာဖို့ သန္နိတ်ဋ္ဌာန်ချထားတဲ့အကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်ရာဇဝတ်မှုတွေကို မြန်မာနိုင်ငံမှာ တရားစွဲနိုင်အောင် ဆောင်ရွက်ပေးပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ဖို့  ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ ရာဇသတ်ကြီး ဥပဒေ ကို ပြင်ဆင်ပြဋ္ဌာန်းထားတယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။  

မြန်မာအနေနဲ့ တရားရုံးကချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေနဲ့ ပတ်သက်ပြီး   လုပ်ဆောင်ရမယ့်တာဝန်တွေကို တာဝန်ယူမှုရှိရှိ လိုက်နာလုပ်ဆောင်နေသလို မြေပြင်မှာလည်း အထွေထွေအခြေအနေတွေကောင်းအောင်ကြိုးပမ်းဆောင်ရွက်နေတယ်။ ရခိုင်ပြည်နယ်မှာ အရင်ကနဲ့ နှိုင်းယှဉ်ရင် အတော်လေးအေးဆေးနေပြီး  သိသာထင်ရှားတဲ့ အကြမ်းဖက်မှုတွေဖြစ်တာ မရှိတော့ဘဲ တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ကောင်စီကိုယ်စားလှယ်ကပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ပထမအကျော့ ကြားနာပွဲမှာတော့  ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ တရားစွဲခွင့်မရှိသလို  ဒီအမှုကို ICJ တရားရုံးမှာ စီရင်ပိုင်ခွင့်မရှိ အကြောင်း မြန်မာရှေ့နေတွေက ကနဦးကန့်ကွက်လွှာ လျှောက်လဲချက်တင်သွင်း ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၃ ရက်နေ့ ဂမ်ဘီယာဘက်က ပထမကျော့ ပြန်လည်လျှောက်လဲရာမှာ   မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်လွှာဆိုင်ရာလျှောက်လဲချက်တွေကို ပယ်ချဖို့နဲ့ ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့  ဆက်လက်တရားစီရင် အဆုံးအဖြတ်ပေးဖို့  ဂမ်ဘီယာ ရှေ့နေချုပ် တရားရေးဝန်ကြီး  ဒေါဒါဂျဲလိုးက တိုက်တွန်း လျှောက်လဲသွားပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဝန်ကြီး  ဦးကိုကိုလှိုင်က  မြန်မာအနေနဲ့ ကနဦးကန့်ကွက်လွှာဆိုင်ရာလျှောက်လဲချက်ကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ တင်သွင်းခဲ့တာဖြစ်တယ်၊ ကနဦးကန့်ကွက်လွှာဆိုင်ရာလျှောက်ထားတာကိုပယ်ချဖို့အတွက် ကြိုတင်အဆုံးအဖြတ်ပေးဖို့  ဂမ်ဘီယာအနေနဲ့ တရားရုံးကို တောင်းဆိုပိုင်ခွင့်မရှိကြောင်း ဒီကနေ့ ကြားနာပွဲမှာ ပြောကြားသွားပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့   ဂမ်ဘီယာဘက်က နိုင်ငံတကာ ရှေ့နေတွေက   ဒုတိယကြော့အဖြစ်   တရားရုံးမှာ လျှောက်လဲဖို့ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013