PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ မြောက်ဦးဒေသခံ လူငယ်စာရေးဆရာ ကိုမင်းဒီပါကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြောက်ဦးခရိုင် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကပြောပါတယ်။
ကိုမင်းဒီပါကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီး ချုပ်ရက်ကို တစ်ပေါင်းတည်း ခံစားခွင့်ရှိတယ်လို အမှုလိုက်ပါဆောင်ရွက်ပေးနေ့တဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ပြောပါတယ်။
သူရဲ့ ပြစ်ဒဏ်တွေ အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အယူခံဝင်သွားဖိုရှိတယ်လိုလည်း ရှေ့နေဖြစ်သူကပြောပါတယ်။
လူငယ်စာရေးဆရာ မင်းဒီပါကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က သူရဲ့နေအိမ်က အရပ်ဝတ်နဲ့ ရဲတပ်ဖွဲဝင်တွေက ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် သူကို မြောက်ဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ မြောက်ဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရသူ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦးအထိရှိနေပြီဖြစ်ပါတယ်။