စစ်ကိုင်းတိုင်း ကလေးမြို့နယ် ချောင်းခွကျေးရွာမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က စစ်ဘေးရှောင်နေတဲ့ ယာတောကို စစ်ကောင်စီတပ်သားတွေက ရောက်ရှိလာပြီး စစ်ဘေးရှောင်သားအမိ ၃ ဦးကို ယာခင်းထဲမှာ မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
အဆိုပါမီးရှို့သတ်ခံရတဲ့အလောင်းကို ဒေသခံတွေက ၂၄ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး အသတ်ခံရတဲ့သူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ဘဲ စစ်ဘေးရှောင်နေတဲ့ အပြစ်မဲ့ပြည်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေက မိခင်ဖြစ်သူက အသက် ၄၀ ကျော်၊ မိန်းကလေး နှစ်ယောက်က ၁၅ နှစ်နဲ့ ၁၃ နှစ်အရွယ်တွေဖြစ်တယ်။
ကလေးမြိုနယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်မှု ရှိနေပြီးလမ်းတစ်လျှောက်မှာရှိတဲ့ ယာစောင့်တဲနေအိမ်တွေနဲ့ ဆန်စက်တွေကို မီးရှို့ခဲ့သလို အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုတွေကို တိုက်ရိုက်ထိတွေ့ဖို့ မပြုကြဖို့နဲ့ ရှောင်တိမ်းနေထိုင်ကြဖို့ကိုလည်း Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လှုမှုကွန်ရက်ကနေ တိုက်တွန်းထားပါတယ်။