စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဒေသ ကျေးရွာတစ်ရွာက စစ်တပ်ပိုင် Mytel တာဝါတိုင်ကို အသုံးပြုထားတဲ့ ပစ္စည်းတွေကို ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရယူသိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က တာဝါတိုင်ကို ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး အဲဒီတာဝါတိုင်မှာ အသုံးပြုထားတဲ့ ပစ္စည်းတွေထဲက ကာကွယ်ရေးတပ်ဖွဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ဖြုတ်ယူခဲ့ကြတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
အဆိုပါတာဝါတိုင်ရှိ ဘတ်ထရီအိုးတွေ၊ ဆီနဲ့ ဆိုလာပြားတွေ၊ မီးစက်ကြီးတွေနဲ့ အခြား ပစ္စည်းတွေကို ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း အခြား ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက mytel ဆက်သွယ်ရေးတာဝါတိုင်ရှိ ပစ္စည်းတွေကို ဖြုတ်ယူသိမ်းဆည်းခဲ့ပြီးနောက် လက်နက်ထုတ်လုပ်ရာမှာ ပြည်လည်အသုံးချနိုင်ခဲ့တယ်လို့ သငိရပါတယ်။
လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ mpt ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တေက်ထားတာမို့ Ooredoo ဆက်သွယ်ရေး လိုင်းတစ်ခုတည်းကိုသာ အဓိကအားထားအသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။