Home
မြန်မာသတင်း
‌မုံရွာ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
February 19, 2022
FRF

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ‌မုံရွာ လေတပ်စခန်းကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေ ၆ နာရီလောက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ‌အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Freedom Revolution Force က ထုတ်ပြန်ကြေညာထားပါတယ်။

Freedom Revolution Force နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ KG ၊ ဗိုလ်လင်းယုန် စတဲ့ အဖွဲ့တို့ ပူးပေါင်းပြီး 107 MM ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လေယာဉ်တွေထားတဲ့ နေရာကို  ပြည်သူ့ကာကွယ်ရေးတပ်တွေက နှစ်ဘက်ညှပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။ 

တိုက်ခိုက်အပြီးမှာ မဟာမိတ်တပ်ပေါင်းစုတွေအားလုံး အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024