Home
မြန်မာသတင်း
တန့်ဆည်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်မြေမြှုပ်ခဲ့သည့် ရွာသား ၄ ဦးအလောင်း တွေ့ရှိ
DVB
·
February 19, 2022
274262953_623873058688889_4297000049808608190_n

စစ်ကိုင်းတိုင်း တန့်ဆည်မြိုနယ်မှာ စစ်ကောင်စီတပ်က အပြစ်မဲ့ရွာသား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး မြေမြှုပ်ထားတာကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းပင်ဆိပ်ရွာ အရှေ့ဘက်မှာရှိတဲ့ ကုန်းထဲမှာ ထွန်စက်နဲ့‌ထိုးပြီး မြေမြှုပ်ဖျောက်ဖျက်ထားတဲ့ အလောင်း ၄ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထန်းပင်ဆိပ်ရွာက ၃ ဦး၊ ရွာရှည် (မ) ရွာက ၁ ဦး စုစုပေါင်း ၄ ဦးကို သတ်ပြီး တစ်ကျင်းထဲ ထည့်မြှုပ်ထားခဲ့ကြတာ။ ဒီနေ့မှ ဖော်ကြည့်လို့ တွေခဲ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ပုတီးရွာ၊ ထန်းကုန်းကြီးရွာ၊ ပေချောင်ရွာ၊ ခရုတောရွာ၊ ကာပေါင်းကျရွာ၊ ရွာရှည်(မ)ကျေးရွာတွေကို ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၆ ရက်နေ့အထိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ခဲတာကြောင့် နေအိမ် ၈၅ လုံး ဆုံးရှုံးခဲ့ပါတယ်။ 

အဲဒီမီးရှို့တာတွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ တန်ဆည်မြို့နယ် မူးဂွရွာမှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024