ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ်(၁) နယ်ခြားစောင့်တပ်ဖွဲ့ ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ကာလတန်ဖိုး သိန်း ၃၅၀၀ ကျော်တန်ဖိုးရှိ ရွှေချောင်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
"မောင်တောကနေ မောင်တောမြောက်ဘက်ကိုယူသွားတာ၊ မင်္ကာလို့ စစ်ဆေးရာမှာ ရွှေ ၂ ပိဿာရှိတဲ့ ရွှေချောင်း ၂၀ ဖမ်းမိတာ။"
ရွှေချောင်းတွေနဲ့အတူ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာက မောင်နှမနှစ်ဦး ဖမ်းဆီးမိခဲ့ပြီး ပြင်ဖြူနယ်မြေစခန်းမှာ လက်ရှိ ထိန်းသိမ်းထားပြီး ရွှေချောင်းတွေကိုတော့ တောကျီးကန်းပြင်ဌာနချုပ်မှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ရွှေအရောင်းအဝယ်လုပ်နေသူ စီးပွားရေးသမားတစ်ဦးက "မြန်မာနိုင်ငံရွှေရောင်းဝယ်ရေး အသင်းဝင်ကတ်ပြနိုင်ရင် မြန်မာပြည်မှာ ကြိုက်တဲ့နေရာ သယ်ယူခွင့်ရှိတယ်လေ။ အခုက အထောင်အထားပါလား မပါဘူးလား၊ ကယ်ရီသယ်ပေးတာလား ဆိုတာ မသိရသေးဘူး” လို ပြောပါတယ်။
ပြီးခဲ ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်ကလည်း မောင်တောမြို့ဝင်စစ်ဆေးရေးဂိတ်မှာ ရွှေကျပ် ၃၉၀ နဲ့ ငွေသား သိန်း ၂၀၀၀ နဲ့အတူ လူ ၂ ဦးအား ဖမ်းဆီးမိခဲ့ပြီး မောင်တောမြို့မရဲစခန်းမှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမူဖွင့်လှစ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။