မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းက ဂွေးပင်စစ်ကောင်စီတပ်စခန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကူသွားတဲ့ စစ်ကောင်စီ ယာဥ်တန်းလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက် ၄ နာရီလောက်ကစပြီး လက်နက်ကြီးကျတယ်၊ အပြန်အလှန် ပစ်သံတွေ ကြားရတယ်၊ အနီးအနားရွာက လူတွေတော့ ရှောင်ကုန်ကြပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဂွေးပင်စစ်ကောင်စီတပ်စခန်းကို မိုးကုတ်မြို့ထဲကနေ အင်အား ၆၀၀ ဝန်းကျင်နဲ့ စစ်ကူသွားကြတယ်လို့ မျက်မြင်တွေ့သူဒေသခံတွေက ဆိုပါတယ်။
မနက် ၄ နာရီကစပြီး မနက် ၈ နာရီအထိ ပစ်ခတ်သံတွေ ကြားနေရတာကြောင့် အနီးအနားရွာက ဒေသခံတွေ တိမ်းရှောင်နေကြရပြီး ထိခိုက်မှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဂွေးပင်စစ်ကောင်စီတပ်စခန်းက မနက် ၄ နာရီလောက်ကစပြီး ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။