မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့မ ရဲစခန်းအပါအဝင် နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း ၊ မြဝတီမင်းကြီးလမ်းထောင့်ရှိ ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှာ မနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နန်းတော်ရာကွက်သစ်၊ ဒေါ်သီမီးပွိုင့်အနီးရှိ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ မြေစာရင်းအင်းဦးစီးဌာရုံးမှာ မနက် ၇ နာရီဝန်းကျင်က လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲ့ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမဲ့ ရုံးအဆောက်အအုံ ပြတင်းပေါက် မှန်တွေကွဲအက် ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒီဗန့မနက်ပိုင်းကပဲ ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ရုံးမှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူအထိအခိုက် ဒဏ်ရာတာမရှိခဲ့ဘူးလို့ သိရပါတယ်။