Home
မြန်မာသတင်း
သထုံမြို့နယ်က အန်အယ်လ်ဒီ အမာခံ ၃ ဦး နေအိမ်နှင့် စားသောက်ဆိုင်များ ချိပ်ပိတ်ခံရ
DVB
·
February 13, 2022
273889700_1810515329279394_7023367215042036545_n
273782401_1810515462612714_9053519250333966860_n
273498248_1810515362612724_6204456109025765479_n
273445554_1810515389279388_5526936408085473430_n
272990913_1810515419279385_2000082436275384906_n
272944263_1810515285946065_1325211551332271956_n

မွန်ပြည်နယ်၊သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အမာခံ ၃ ဦးရဲ့ နေအိမ်နဲ့ စားသောက်ဆိုင်တွေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သထုံမြို့ လေယာဉ်ကွင်းအနီးမှာ ရှိတဲ့ ဦးစောကျော်မိုး ပိုင်ဆိုင်တဲ့ Second Cafe Garden စားသောက်ဆိုင်၊ သထုံကျိုက်က္ကော်ရှိ ကိုဇော်မင်းသန်း ပိုင်ဆိုင်တဲ့ Peace Garden စားသောက်ဆိုင်နဲ့ ကိုအောင်ကျော်ဌေး နေအိမ်တို့ကို လာရောက် ချိပ်ပိတ်သွားခဲ့တာပါ။

စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်နဲ့ စားသောက်ဆိုင်တွေကို လာရောက်ချိပ်ပိတ်သွားခဲ့တာလို့ ဆိုပါတယ်။

ချိတ်ပိပ်ခံရတဲ့သူတွေထဲမှာတော့ အန်အယ်လ်ဒီ ပါတီအမာခံ ဦးစောကျော်မိုးဟာ မွန်ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသလို ကိုဇော်မင်းသန်းနဲ့ ကိုအောင်ကျော်ဌေးတို့ကတော့ သထုံမြို့နယ် အန်အယ်လ်ဒီပါတီ အမာခံတွေ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး နေအိမ်ကို လာရောက်ချိပ်ပိတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024