Home
မြန်မာသတင်း
စန်းမြို့ရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့၊ အိမ်ခြေ ၄၀ မီးလောင်ကျွမ်း
DVB
·
February 11, 2022
273780966_110516071553098_4687349262998984277_n
273749955_110515978219774_9123095925459715033_n
273668115_110516011553104_4704216176113630043_n
273539698_110516041553101_1730172854554857931_n
272862650_110516104886428_5217520881956765968_n

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ထပ်မံမီးရှို့တာကြောင့် နေအိမ် ၄၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို မနေ့ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၅၀ ကျော်လောက် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားတာလို့ စန်းမြို့ရွာသားတစ်ယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

“ပြီးခဲ့တစ်တစ်ခေါက်က မီးမလောင်တဲ့နေအိမ်တွေကို ထပ်ပြီး မီးရှို့သွားတာဗျ။ ဘုန်းကြီးကျောင်းက မှန်တံခါးကိုလည်း ရိုက်ခွဲဖျက်ဆီးသွားတယ်။” 

စစ်ကောင်စီတပ်တွေဟာ စမ်းမြို့ကျေးရွာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၂၈ လုံး၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ထပ်မံမီးရှို့တာကြောင့် နေအိမ် ၁၃၂ လုံး၊ အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညနေပိုင်းမှာ နေအိမ် အလုံး ၄၀ မီးလောင်ကျွမ်းပြီး ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ ရွာကိုပြန်ရင်လည်း နေစရာအိမ်က မရှိတော့ဘူး။ အခုလက်ရှိ နီးစပ်တဲ့ ဆွေမျိုးတွေရှိတဲ့ ရွာတွေနဲ့  တောထဲတောင်ထဲတွေမှာ ဖြစ်သလို နေထိုင်နေကြရတယ်။ တချို့ ဆိုရင် ပထမအကြိမ် စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ကတည်းက ရွားမပြန်ရဲကြတာ။ အခုရွာမှာ နေအိမ် ၁၅ လုံးပဲ ကျန်တော့တယ်” လို့ စမ်းမြို့ရွာသားက ပြောပါတယ်။

နေအိမ်တွေ ပြည်လည်တည်ဆောက်နိုင်ဖို့ရယ်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အသုံးဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024