Home
မြန်မာသတင်း
ကျောက်ဆည်မြို့ လျှပ်စစ်မီတာရုံး တိုက်ခိုက်ခံရ၊ စားရေးမတစ်ဦး ထိခိုက်ဒဏ်ရာရ
DVB
·
February 10, 2022
272810767_1140939323308589_6451972101106566334_n

မန္တလေးတိုင်း​ဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဆူးကုန်းရပ်ကွက် ရုံးကြီးလမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူထားတဲ့ လျှပ်စစ်မီတာရုံး EPC ကို ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ဖေဖော်ဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ကျောင်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုကို အတင်းအကြပ်ဖိအားပေး မီးတာခဆောင်ခိုင်းတဲ့ အုပ်ကြီးများ ရာအိမ်မှူးတွေအပါအဝင် စစ်ကောင်စီရဲ့ လက်ပါးစေတွေကို နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ မီးတာရုံးအားဖောက်ခွဲတာလို့ ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုမှာ လျှပ်စစ်မီတာရုံး EPC ဝန်ထမ်း စားရေးမတစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024