Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် ပျူမြို့ဟောင်းနှင့် မကွေးမြသလွန်ဘုရား ဖူးမြော် (ဓာတ်ပုံ)
DVB
·
February 10, 2022
273663547_368960388375730_4873892932014843280_n
273651424_368960438375725_5276829555031955874_n
273650554_368960325042403_3299447600750379977_n
273646806_368960418375727_4465172412169321284_n
273639383_368960451709057_7118811078879826263_n
273628752_368960358375733_7434703582951459226_n
273607646_368960481709054_8222015813910923830_n

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပျူမြို့ဟောင်းနဲ့ မကွေးမြသလွန်ဘုရားကို သွားရောက်ဖူးမြော်ခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်  မင်းအောင်လှိုင်ဟာ ဖေဖော်ရီ ၉ ရက်နေ့က ဗိဿနိုးမြို့ဟောင်းကို  သွားရောက်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးမြသလွန်စေတီတော်ကိုလည်း သွားရောက်ဖူးမြော်ခဲ့တယ်လို့ စစ်တပ် ထောက်တိုင်တစ်ဦးက သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗိဿနိုးမြို့ဟောင်းဟာ မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၁ မိုင်လောက်မှာ တည်ရှိတဲ့ ပျူမြို့ဟောင်းတစ်ခုလည်းဖြစ်ပါတယ်။

ယင်းပျူမြို့ဟောင်းဟာ ကွင်းဆင်းသုတေသနပြုချက်တွေအရ မြို့ရိုးအပြင်ဘက်မှာ အရိုးအိုးမြှုပ်နှံတဲ့ အုတ်ကုန်းငယ်တွေကို တွေ့ရပြီး မြို့တွင်းမှာလည်း ပျူဒင်္ဂါးအနည်းငယ်ကို တွေ့ရှိခဲ့ရသလို ၁၉၅၉ ခုနှစ် ဇွန်လအတွင်း တူးဖော်မှုကိုစတင်ခဲ့ပြီး အုတ်ကုန်းပေါင် ၉ ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရ၌ါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024