Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်တွင် စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေး အခက်ကြုံ
DVB
·
February 9, 2022
Phe Khon war victims kids for education 1
Phe Khon war victims kids for education 2
Phe Khon war victims kids for education

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်ကလေးတွေကို ပညာသင်ပေးဖို့ကြိုးစားနေပြီး အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတာမှာ စစ်ကောင်စီတပ်က  လေယာဉ်တွေပါသုံးပြီး ပြည်သူတွေကိုလည်း တိုက်ခိုက်နေတာကြောင့် မြို့နယ်ထဲက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ဘေးရှောင်ကလေးအတွက် ပညာသင်ကြားခွင့်ရဖို့ ရပ်ရွာတာဝန်ရှိသူတွေက ကြိုးစားနေပြီး အထွေထွေ လိုအပ်ချက်တွေ ရှိနေကြပါတယ်။

“အဆောက်အအုံကတော့ တောတောင်ထဲက သစ်ဝါးတွေနဲ့ ဆောက်ကြတယ်။ ရွာသားတွေကပဲ လုပ်အားပေးကြတာပေါ့။ ကျောင်းသားတွေသုံးဖို့ ရေကန်လည်းဆောက်ရမယ်။ အမိုးအကာအတွက်၊ ပြီးတော့ ကျောင်းသားတွေအတွက် စာအုပ်စာတမ်းတွေလိုပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကျောင်းသား ၂၀၀ ကျော်အတွက် ရွာက CDM လုပ်ထားတဲ့ ဆရာ ၂ ယောက်က သင်ကြားပေးဖို့ စီစဉ်ထားပြီး ကျောင်းသားတွေထဲမှာ သူငယ်တန်းကနေ ၇ တန်းအထိပါတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024