မကွေးတိုင်း ရဲတပ်ဖွဲ့က ရဲတပ်သား ၂ ယောက် YDF (ဆော၊ကျောက်ထု) ကနေတဆင့် ပြည်သူရင်ခွင်ခိုလှုံပြီးတော့ CDM ပြုလုပ်လာတာကြောင့် ဖေဖော်ဝါရီ ၃ ရက်မှာ လွတ်မြောက် နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ YDF (ဆော၊ကျောက်ထု)ကနေ သိရပါတယ်။
မကွေးတိုင်းရဲတပ်ဖွဲ့က လ/ ၂၈၁၇၆၂ ရဲတပ်သား မင်းသီဟာ နဲ့ လ/၂၈၁၇၀၀ ရဲတပ်သား လင်းထက်စိုးတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန် မထမ်းဆောင်ချင်တာ ကြောင့် ဖေဖော်ဝါရီ ၁ ရက်မှာ YDF (ဆော၊ကျောက်ထု) ကနေတဆင့် CDM ပြုလုပ်ပြီး ပြည်သူ့ ရင်ခွင်ခိုလှုံလာတာလို့ YDF(ဆော၊ကျောက်ထု) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“လက်နက် ပစ္စည်းတွေတော့ ပါမလာဘူးဗျ။ ဘာဘဲဖြစ်ဖြစ် စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ ပြည်သူ့ရဲတွေကို ကျနော်တို့အနေနဲ့ ကြိုဆိုရမှာ ဖြစ်တယ်။”
ပြည်သူ့ရင်ခွင်ကို ခိုဝင်လာတဲ့ ရဲတပ်သား ၂ ယောက်ကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင်ရှောက်ကာ ဖေဖော်ဝါရီ ၃ ရက်မှာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
YDF (ဆော၊ကျောက်ထု) ကနေတဆင့် နောက်နောင်မှာလည်း စစ်လက်နက်၊ အီကွေးမန့်အပြည်စုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။