ဒေသခံတော်လှန်ရေးအဖွဲ့ဟာ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါပေါ်ကူး စစ်ရှောင်စခန်းကို ဇန်နဝါရီ ၃၁ ရက်နေ့က သွားရောက်ပြီး ကျန်းမာရေးမကောင်းတဲ့ လူနာတွေအား ဆေးဝါးကုသပေးခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အမျှ စစ်ရှောင်တွေ ပိုမိုများပြားလာပြီး ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်နေပါတယ်။ စစ်ရှောင်စခန်းအချို့မှာ စားနပ်ရိက္ခာပြတ်လပ်ပြီး ပြောင်းကောက်တွေကို ချက်ပြုတ်စားသုံးနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ဒေါပေါ်ကူး စစ်ရှောင်စခန်းမှာ အနီးအနားမှာရှိတဲ့ ရွာတွေက အိမ်ထောင်စု ၄၈၀ ကျော် စစ်ဘေးရှောင်နေပြီး ကျန်းမာရေးမကောင်းတဲ့ စစ်ဘေးရှောင် မိသားစု ၅၀ ကျော်ကို ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆေးဝါးကုသပေးခဲ့ကာ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း လှုဒါန်းပေးခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူက ပြောပါတယ်။