ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က စစ်ကောင်စီတပ် မိသားစုဝင်တွေနဲ့ အင်အား ၅၀ လောက်က စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မြို့အဝင်နားမှာ အမေစု အလိုမရှိ၊ အလိုမရှိလို့ အော်ပြီး တပ်ထောက်ခံပွဲလုပ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့မှာ ပထမဆုံး စစ်တပ်ထောက်ခံပွဲ ပြုလုပ်တာဖြစ်ပြီး မိုးမိတ်မြို့ပြင် ပေါက်ပင်တန်းသို့ ခရေပင်တန်းကနေ ချီတက်လာပြီး မြို့ဝင်ဆိုင်းဘုတ်စိုက်ထူထားတဲ့ တြိဂံကိုပတ်ပြီး ကြွေးကြော်သံတွေနဲ့ ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြို့ဝင်ဆိုင်းဘုတ်ကို ပတ်ပြီးနောက်မှာတော့ လာရာလမ်းအတိုင်း ပြန်လှည့်သွားတယ်လို့ သိရပါတယ်။