Home
မြန်မာသတင်း
နွေဦးထီ ယနေ့အရောင်းပိတ်၊ ဇန်နဝါရီထီပေါက်စဉ်မှ သိန်း ၁၀၀ ဆု ၁ ဆုနှင့် ၁၅ သိန်းဆု ၄၉ ဆုပါဝင်
DVB
·
February 1, 2022
502713-257387776_183020004042282_3978582174267964887_n-730x365

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ဇန်နဝါရီလအတွက် “အောင်လံ လွှင့်ချီ နွေဦးထီကို မနေ့က ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့မှာတော့ Silent Strike မှာ ပါဝင်မှာမို့ အ ရောင်းပိတ်ထားမယ်လို့  ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”မှာတော့ သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၉ ဆုပါဝင်ပြီး မနက် ၁၀ နာရီမှာ နွေဦးထီ ဖေ့စ်ဘွတ်ခ်ပေ့ချ်ရဲ့ Messenger Chatbot မှတဆင့် ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်း ချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် နွေဦးထီ ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ သူရရှိတဲ့ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

အဲဒီအရင်လတုန်းက စမ်းသပ်ရောင်းချခဲ့တဲ့ နွေဦးထီကံထူးရှင်ရွေးချယ်ပွဲမှာတော့ ကံထူး သူ ၇၅ ယောက်ထဲက ၆၃ ယောက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး နွေဦးထီ မိသားစုရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024