Home
မြန်မာသတင်း
ကန်ပက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
DVB
·
January 31, 2022
272843901_138523078634117_5506337106255824613_n

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက်မနက်ပိုင်းက ကန်ပက်လက် CDF နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ ကန်ပက်လက် CDF ကနေ သိရပါတယ်။

ကန်ပက်လက်မြို့ ရန်အောင်စေတီ၊မြို့နယ်ပညာရေးမှူးရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့မနက် ၆ နာရီခွဲ လောက်မှာ ကန်ပက်လက် CDF က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 ကန်ပက်လက် CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “အပြန်အလှန်ထိတွေတိုက်ပွဲ ဖြစ်ပွားတာ တစ်နာရီခွဲလောက်ကြာတယ်ဗျ။ စစ်ကောင်စီတပ်ဘက်က ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ ကန်ပက်လက် CDF က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024