Home
မြန်မာသတင်း
နတ်တလင်းတွင် အသံတိတ်သပိတ်မလုပ်ရန် လိုက်လံကြေညာသူ ၁ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
DVB
·
January 29, 2022
NattaLin

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့မှာ ဇန်နဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းက အသံတိတ်သပိတ် မပြုလုပ်ဖို့ လိုက်လံကြေညာသူ တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

နတ်တလင်းမြို့မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စျေးဆိုင်တွေမဖွင့်ရင် အရေးယူမယ်ဆိုပြီး  အသံချဲ့စက်နဲ့ လိုက်လံကြေညာသူ ကျော်မင်းသူကို နတ်တလင်း PDF (နတ်စစ်သည်) တပ်ဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တာလို့ နတ်တလင်း PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

နတ်တလင်းမြို့ခံတစ်ယောက်က “စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ မပါဝင်ကြဖို့နဲ့ စျေးဆိုင်တွေ မပိတ်ကြဖို့ လော်စပီကာ နဲ့ လိုက်လံကြေညာတဲ့သူကို သေနတ်နဲ့ ပစ်သွားတာဗျ။ သေနတ်ပစ်သံ ၃ ချက်တော့ ကြားလိုက်တယ်။ အဲဒီပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေရောက်လာပြီးတော့ ကားတွေဆိုင်ကယ်တွေကို ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်ကြတယ်” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေ၊ ပွဲလမ်းသဘင်တွေကို မိဘပြည်သူတွေအနေနဲ့ မသွားရောက်ကြဖို့နဲ့ အန္တရာယ်ကျရောက်ပါက မိမိတာဝန်သာဖြစ်တယ်လို့ နတ်စစ်သည်တပ်ဖွဲ့က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024