ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အရှေ့ဘက် အာရှလမ်းမကြီးအနီးမှာ ဇန်နဝါရီ ၂၈ မနက်အစောပိုင်းက TNLA/SSPP ပူးပေါင်းတပ်နဲ့ RCSS တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေငြိမ်နေတာ ၂ ရက်ရှိပြီဖြစ်ပြီး ဒီနေ့မနက် ၆ နာရီလောက်က ပန်ဟုတ်၊ နားခေါ် မန်ပေါင် အနီးဝန်းကျင်မှာ လက်နက်ကြီး လက်နက်ငယ်တွေ သံတွေ ဆူညံနေပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နေအိမ်တွေထဲထိ လက်နက်ငယ်ကျည်ဆန်တွေ ကျလာတာ ရှိတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ် နဲ့ RCSS တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရပါတယ်။
ကျောက်မဲမြို နမ့်စစ်လင်းကျောင်းကို ရောက်နေကြတဲ့ စစ်ဘေးရှောင် ၈၀၀ ကျော်ဟာ အနွေးထည်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။